နောက်ဆုံးပြင်ဆင်သည့်ရက် — ၁၂ အောက်တိုဘာ ၂၀၂၆
၁ ဝန်ဆောင်မှုအကြောင်း
N4 VPN ဝဘ်ဆိုက်သည် N4 VPN PRO အက်ပ်အား ဒေါင်းလုဒ်ရယူနိုင်ရန်၊ VIP အစီအစဉ်များ ကြည့်ရှုဝယ်ယူနိုင်ရန်၊ VIP အကောင့်ဝင်နည်း လမ်းညွှန်ဖတ်ရှုနိုင်ရန်နှင့် မိမိ၏ IP လိပ်စာ စစ်ဆေးနိုင်ရန် ရည်ရွယ်ပါသည်။
N4 VPN သည် ခဏတာအတွက် မဟုတ်ဘဲ ရေရှည်အသုံးပြုနိုင်ရန် ရည်ရွယ်ထုတ်လုပ်ထားသော VPN ဝန်ဆောင်မှု ဖြစ်ပါသည်။ အသုံးပြုသူများ အမြဲမပြတ် ကောင်းမွန်သော Service ရရှိနိုင်စေရန် အစဉ်ကြိုးပမ်းလျက်ရှိပြီး၊ ပိုမိုကောင်းမွန်သော အသစ်အသစ်သော နည်းလမ်းများကိုလည်း အမြဲရှာဖွေဖော်ထုတ်နေပါသည်။
ဘာကြောင့် စိတ်ချရသလဲ — N4 VPN သည် ၂၀၂၂ ခုနှစ်ကတည်းက စတင်ခဲ့သော ဝန်ဆောင်မှုဖြစ်ပြီး ယနေ့အထိ ၄ နှစ်တာ ရပ်တည်လာခဲ့ပါသည်။ Server များ တည်ငြိမ်ကောင်းမွန်နေစေရန် အမြဲထိန်းသိမ်းပေးနေပြီး၊ အသုံးပြုသူ၏ ကိုယ်ရေးအချက်အလက်များကို စုဆောင်းသိမ်းဆည်းခြင်း မရှိသဖြင့် လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ပါသည်။ ပြဿနာတစ်စုံတစ်ရာ ကြုံတွေ့ပါက Admin ထံ တိုက်ရိုက်ဆက်သွယ်၍ အကူအညီရယူနိုင်ပါသည်။
၂ အသုံးပြုမှုစည်းကမ်း
- ဝယ်ယူထားသော VIP အကောင့်ကို သတ်မှတ်ထားသော စည်းကမ်းအတိုင်းသာ အသုံးပြုရမည်။
- အကောင့်အချက်အလက်များကို သူစိမ်းများနှင့် မျှဝေခြင်း၊ ပြန်လည်ရောင်းချခြင်းများ မပြုလုပ်ရပါ။
- ဝဘ်ဆိုက်အား ထိခိုက်စေသော လုပ်ရပ်များ (ဥပမာ — စနစ်ကို ဖောက်ထွင်းရန် ကြိုးစားခြင်း) ကို တားမြစ်ပါသည်။
- စည်းကမ်းဖောက်ဖျက်ပါက VIP အကောင့်အား ကြိုတင်အသိပေးခြင်းမရှိဘဲ ရပ်ဆိုင်းနိုင်ပါသည်။
၃ ကိုယ်ရေးကိုယ်တာ
- ဤဝဘ်ဆိုက်သည် အသုံးပြုသူ၏ နာမည်၊ ဖုန်းနံပါတ် စသည့် ကိုယ်ရေးအချက်အလက်များကို စုဆောင်းသိမ်းဆည်းခြင်း မရှိပါ။
- VIP ဝယ်ယူရာတွင် Admin နှင့် တိုက်ရိုက်ဆက်သွယ်၍ ငွေပေးချေရပါသည် — ဝဘ်ဆိုက်ပေါ်တွင် ငွေပေးချေမှုအချက်အလက် ဖြည့်သွင်းရန် မလိုအပ်ပါ။
- IP စစ်ဆေးသည့် စာမျက်နှာသည် သင့်၏ လက်ရှိ IP လိပ်စာကို ပြသပေးခြင်းသာ ဖြစ်ပြီး ဆာဗာတွင် သိမ်းဆည်းထားခြင်း မရှိပါ။
၄ ငွေပေးချေမှုနှင့် ပြန်အမ်းငွေ
- VIP အစီအစဉ်ဈေးနှုန်းများသည် ဝယ်ယူချိန်တွင် ဖော်ပြထားသည့်အတိုင်း ဖြစ်ပါသည်။
- VIP အကောင့်ထည့်သွင်းပြီးချင်း N4 VPN ထဲက Server များ လုံးဝချိတ်ဆက်မရခဲ့လျှင် ငွေပြန်အမ်းပေးမည် ဖြစ်ပါသည်။
- VIP အကောင့်ထည့်သွင်းပြီး ရက်ကျော်လွန်ပြီးမှ ပြန်အမ်းငွေ လာရောက်တောင်းဆိုပါက ထုတ်ပေးမည် မဟုတ်ပါ — ပြဿနာရှိပါက အကောင့်ထည့်ပြီးချင်း အမြန်ဆုံး ဆက်သွယ်ပေးပါ။
- Bypass / FreeNet ကဲ့သို့သော နည်းလမ်းများသည် သဘောသဘာဝအရ ရလိုက်မရလိုက် ဖြစ်တတ်ပါသည်။ အစပိုင်းတွင် သုံး၍ရ၍ နောက်ပိုင်းတွင် မရတော့ပါက ပြန်အမ်းငွေ ထုတ်ပေးမည် မဟုတ်ပါ။
- နည်းပညာပိုင်းဆိုင်ရာ အခက်အခဲရှိပါက Admin ထံ ဆက်သွယ်၍ ကူညီဖြေရှင်းနိုင်ပါသည်။
၅ တာဝန်ယူမှုကန့်သတ်ချက်
ဝန်ဆောင်မှုကို တတ်နိုင်သမျှ တည်ငြိမ်အောင် ထိန်းသိမ်းထားသော်လည်း ကွန်ရက်အခြေအနေ၊ ဆာဗာပြုပြင်ထိန်းသိမ်းမှုတို့ကြောင့် ယာယီပြတ်တောက်မှုများ ဖြစ်ပေါ်နိုင်ပါသည်။ ထိုသို့ဖြစ်ပေါ်မှုများအတွက် ကြိုတင်အသိပေးနိုင်ရန် ကြိုးစားပါမည်။
၆ မူဝါဒပြောင်းလဲမှု
ဤမူဝါဒအား လိုအပ်ပါက အချိန်မရွေး ပြင်ဆင်နိုင်ပြီး ပြင်ဆင်ချက်များသည် ဤစာမျက်နှာတွင် ဖော်ပြသည့်နေ့မှစ၍ အကျိုးသက်ရောက်မည် ဖြစ်ပါသည်။
၇ ဆက်သွယ်ရန်
မေးမြန်းစရာများရှိပါက — အီးမေးလ် support@n4vpn.com သို့မဟုတ် Telegram Admin ထံ ဆက်သွယ်နိုင်ပါသည်။